Study

Grade - 9 History

  •   0%
  •  0     0     0

  • တို့ဗမာအစည်းအရုံး၏ ဆောင်ပုဒ်ကို ဖော်ပြပါ။
    လာမည့်ဘေး ပြေးတွေ့၊ ဒါတို့ပြည် ဒါတို့မြေ၊ သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ပါစေ။
  • လက်နက်စွဲကိုင်တော်လှန်ခဲ့ကြရာ၌ ထင်ရှားသော နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်များတွင် ဝန်သိုနယ်မှ တော်လှန်ခဲ့သူမှာ ---------- ဖြစ်သည်။
    ဝန်သိုစော်ဘွားကြီး ဦးအောင်မြတ်
  • တောင်သူလယ်သမားအရေးတော်ပုံတွင် အင်္ဂလိပ်အရင်းရှင်များ လက်ဝါးကြီးချုပ်ကိုင်ထားသော ဆန်စပါးအသင်းမှာ ---------- ဖြစ်သည်။
    ဘူလင်ဂျာပူး (ခေါ်) ဆန်စပါးဈေးအသင်းကြီး
  • မြန်မာနိုင်ငံတွင် စစ်ရေးလေ့ကျင့်ရန်အတွက် ဖွင့်လှစ်ထားသော ဗိုလ်သင်တန်းမှာ ---------- ဖြစ်သည်။
    မင်္ဂလာဒုံဗိုလ်သင်တန်း
  • မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲရေးတွဲရေးကိစ္စ တွင် ခွဲရေးနှင့်ပက်သက်၍ သင်သိသော အချက်များထဲမှ နှစ်ချက်ကို ဖြေဆိုပါ။
    ဆရာ့အပေါ်မူတည်သည်။
  • ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားစေသည့် တက္ကသိုလ်မှာ ---------- ဖြစ်သည်။
    ဘုရင်စစ်တက္ကသိုလ်
  • ဗိုလ်ချုပ်ပရင်ဒါဂတ်နှင့် ကာနယ်စလေဒင်တို့သည် မြန်မာဘုရင် သီပေါမင်းနှင့် မိဖုရား စုဖုရားလတ်တို့ကို ဖမ်းဆီးရန်အတွက် မန္တလေးသို့ ---------- တွင် ရောက်သည်။
    ၁၈၈၅ နိုဝင်ဘာ ၂၈
  • ရေနံမြေ အလုပ်သမားများ မကွေးမြို့သို့ ချီတက်ခဲ့ရာတွင် ခေါင်းဆောင်ခဲ့သူမှာ ---------- ဖြစ်သည်။
    အာဠာဝက သခင်ဖိုးလှကြီး
  • တို့ဗမာအစည်းအရုံး၏ တိုက်တွန်းချက်များကို ဖော်ပြပါ။
    ဗမာဆိုင်များတည်ကြကုန်လော့၊ ဗမာဆိုင်၌ဝယ်ကြကုန်လော့။
  • မြန်မာသက္ကရာဇ် နှင့် အင်္ဂလိပ်သက္ကရာဇ်သည် ---------- နှစ် ကွာခြားသည်။
    ၆၃၈
  • နယ်ချဲ့ဆန့်ကျင်ရေးတွင် လှုပ်ရှားမှုပြုလုပ်ရာတွင် ပါဝင်ခဲ့သော အမျိုးသမီးများဦးဆောင်ခဲ့သည့် အသင်း၏ ဆောင်ရွက်ချက်များတွင် ဝတ်စားဆင်ယင်မှုအရ ထင်ရှားလာသော အထည်မှာ ---------- ဖြစ်သည်။
    ပင်နီချော နှင့် ယောထဘီ
  • ဘီအိုင်အေမှ ဘီဒီအေသို့ ပြောင်းလဲရာတွင် ဂျပန်မှ မြန်မာခေါင်းဆောင်များအား လိုက်လျောခိုင်းသည့် အချက်များကို ဖော်ပြပါ။
    ဆရာ့အပေါ်မူတည်သည်။
  • ပြည်သူ့အရေးတော်ပုံပါတီတွင် သခင်လူငယ်များပါဝင်ခဲ့ပြီး ခေါင်းဆောင်မှာ ---------- ဖြစ်သည်။
    သခင်မြ
  • တို့ဗမာအစည်းအရုံး၏ ပထမဆုံးအကြိမ်ပြည်လုံးကျွတ်ညီလာခံကို ---------- တွင် ကျင်းပခဲ့သည်။
    ရေနံချောင်း
  • မကွေးတွင် ကျောင်းသားခေါင်းဆောင်ကိုဗဟိန်းသည် ပုဒ်မ ၁၄၄ ကို ဖီဆန်၍ ---------- ဟုကြွေးကြော်ကာ တရားဟောခဲ့ပါသည်။
    "မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်"
  • ဂျီစီဘီအေခေတ်တွင် မြန်မာနိုင်ငံသို့ ဝေလမင်းသား လာရောက်လည်ပတ်ခဲ့သော ခုနှစ်မှာ ---------- ဖြစ်သည်။
    ၁၉၂၂ ဇန်နဝါရီ
  • ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံ ---------- ကျွန်းနှင့် ---------- ကျွန်းတွင် စစ်ပညာ ငါးလခန့် တပင်တပန်းသွားရောက်လေ့ကျင့် သင်ကြားခဲ့ရပါသည်။
    ဟိုင်နန်းကျွန်းနှင့် ထိုင်ဝမ်ကျွန်း
  • တတိယကျူးကျော်စစ်တွင် အင်္ဂလိပ်တို့သည် အိန္ဒိယမှ စစ်ကူအမြောက်အများခေါ်ယူ၍ စစ်ဋ္ဌာနချုပ်ဖွင့်ရာတွင် ---------- အား ဗိုလ်ချုပ်အဖြစ်ခန့်အပ်ခဲ့သည်။ (က) ဆာချားခရောစဝိတ် (ခ) ဆာဖရက်ဒရစ်ရောဘတ် (ဂ) ဆာဒေါ်မန်စမစ်
    (ခ) ဆာဖရက်ဒရစ်ရောဘတ်
  • မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲရေးတွဲရေးကိစ္စ တွင် တွဲရေးနှင့်ပက်သက်၍ သင်သိသော အချက်များထဲမှ နှစ်ချက်ကို ဖြေဆိုပါ။
    ဆရာ့အပေါ်မူတည်သည်။
  • မြန်မာနိုင်ငံတွင် ဘီအိုစီကုမ္ပဏီကို ---------- ခုနှစ်တွင် စတင်တည်ထောင်ခဲသည်။
    ၁၈၈၆
  • ၁၃၀၀ ပြည့်အရေးတော်ပုံတွင် မည်သည့်ကိစ္စမှ စတင်ခဲ့သနည်း။
    အလုပ်သမားခေါင်းဆောင် သခင် "ခင်" အားခွင့်ယူသည့်ကိစ္စနှင့် ပက်သတ်၍ အပြစ်ပေးရာမှ စတင်ခဲ့သည်။
  • မြန်မာနိုင်ငံတွင် ပညာရေးဋ္ဌာနကို ---------- ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ (က) ၁၈၆၄ (ခ) ၁၈၆၅ (ဂ) ၁၈၆၆
    (ဂ) ၁၈၆၆
  • ဗမာ့တပ်မတော် ဖွဲ့စည်းစတွင် ပါဝင်ခဲ့သော တပ်သားအင်အားမှာ ---------- ခန့်ရှိသည်။
    တစ်ထောင့်ငါးရာ
  • နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ရာတွင် မြန်မာအမျိုးသမီးများမှ စွမ်းစွမ်းတမံ ကြိုးစားခဲ့သော အသင်းအမည်မှာ ---------- ဖြစ်သည်။
    ကုမ္မာရီအသင်း
  • ဝိုင်အမ်ဘီအေ အသင်းကြီး၏ သတင်းစာမှာ ---------- ဖြစ်သည်။
    မြန်မာပြည် ဗုဒ္ဓဘာသာ သတင်းစာ
  • တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်ရန်အတွက်‌ စုဝေးတိုင်ပင်ရာနေရာမှာ ---------- ဖြစ်သည်။
    ဗဟန်း ရွှေကျင်ကျောင်းတိုက် ဦးအရိယာကျောင်း
  • ပထမကျောင်းသားသပိတ်တွင် ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို ---------- အုပ်ချုပ်ရေးယန္တရားဟုလည်း ခေါ်သည်။
    ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရား
  • မြန်မာနိုင်ငံအား ဂျပန်မှ လွတ်လပ်ရေးပေးခဲ့သောရက်စွဲကို ဖော်ပြပါ။
    ၁၉၄၃ ဩဂုတ် ၁