Edit Game
Grade - 9 History
 Delete

Use commas to add multiple tags

 Private  Unlisted  Public




Delimiter between question and answer:

Tips:

  • No column headers.
  • Each line maps to a question.
  • If the delimiter is used in a question, the question should be surrounded by double quotes: "My, question","My, answer"
  • The first answer in the multiple choice question must be the correct answer.






 Save   28  Close
မြန်မာနိုင်ငံအား ဂျပန်မှ လွတ်လပ်ရေးပေးခဲ့သောရက်စွဲကို ဖော်ပြပါ။
၁၉၄၃ ဩဂုတ် ၁
မြန်မာနိုင်ငံတွင် စစ်ရေးလေ့ကျင့်ရန်အတွက် ဖွင့်လှစ်ထားသော ဗိုလ်သင်တန်းမှာ ---------- ဖြစ်သည်။
မင်္ဂလာဒုံဗိုလ်သင်တန်း
ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားစေသည့် တက္ကသိုလ်မှာ ---------- ဖြစ်သည်။
ဘုရင်စစ်တက္ကသိုလ်
ဘီအိုင်အေမှ ဘီဒီအေသို့ ပြောင်းလဲရာတွင် ဂျပန်မှ မြန်မာခေါင်းဆောင်များအား လိုက်လျောခိုင်းသည့် အချက်များကို ဖော်ပြပါ။
ဆရာ့အပေါ်မူတည်သည်။
ဗမာ့တပ်မတော် ဖွဲ့စည်းစတွင် ပါဝင်ခဲ့သော တပ်သားအင်အားမှာ ---------- ခန့်ရှိသည်။
တစ်ထောင့်ငါးရာ
ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံ ---------- ကျွန်းနှင့် ---------- ကျွန်းတွင် စစ်ပညာ ငါးလခန့် တပင်တပန်းသွားရောက်လေ့ကျင့် သင်ကြားခဲ့ရပါသည်။
ဟိုင်နန်းကျွန်းနှင့် ထိုင်ဝမ်ကျွန်း
ပြည်သူ့အရေးတော်ပုံပါတီတွင် သခင်လူငယ်များပါဝင်ခဲ့ပြီး ခေါင်းဆောင်မှာ ---------- ဖြစ်သည်။
သခင်မြ
မကွေးတွင် ကျောင်းသားခေါင်းဆောင်ကိုဗဟိန်းသည် ပုဒ်မ ၁၄၄ ကို ဖီဆန်၍ ---------- ဟုကြွေးကြော်ကာ တရားဟောခဲ့ပါသည်။
"မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်"
ရေနံမြေ အလုပ်သမားများ မကွေးမြို့သို့ ချီတက်ခဲ့ရာတွင် ခေါင်းဆောင်ခဲ့သူမှာ ---------- ဖြစ်သည်။
အာဠာဝက သခင်ဖိုးလှကြီး
၁၃၀၀ ပြည့်အရေးတော်ပုံတွင် မည်သည့်ကိစ္စမှ စတင်ခဲ့သနည်း။
အလုပ်သမားခေါင်းဆောင် သခင် "ခင်" အားခွင့်ယူသည့်ကိစ္စနှင့် ပက်သတ်၍ အပြစ်ပေးရာမှ စတင်ခဲ့သည်။
မြန်မာသက္ကရာဇ် နှင့် အင်္ဂလိပ်သက္ကရာဇ်သည် ---------- နှစ် ကွာခြားသည်။
၆၃၈
မြန်မာနိုင်ငံတွင် ဘီအိုစီကုမ္ပဏီကို ---------- ခုနှစ်တွင် စတင်တည်ထောင်ခဲသည်။
၁၈၈၆
မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲရေးတွဲရေးကိစ္စ တွင် တွဲရေးနှင့်ပက်သက်၍ သင်သိသော အချက်များထဲမှ နှစ်ချက်ကို ဖြေဆိုပါ။
ဆရာ့အပေါ်မူတည်သည်။
မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲရေးတွဲရေးကိစ္စ တွင် ခွဲရေးနှင့်ပက်သက်၍ သင်သိသော အချက်များထဲမှ နှစ်ချက်ကို ဖြေဆိုပါ။
ဆရာ့အပေါ်မူတည်သည်။
တောင်သူလယ်သမားအရေးတော်ပုံတွင် အင်္ဂလိပ်အရင်းရှင်များ လက်ဝါးကြီးချုပ်ကိုင်ထားသော ဆန်စပါးအသင်းမှာ ---------- ဖြစ်သည်။
ဘူလင်ဂျာပူး (ခေါ်) ဆန်စပါးဈေးအသင်းကြီး
တို့ဗမာအစည်းအရုံး၏ ပထမဆုံးအကြိမ်ပြည်လုံးကျွတ်ညီလာခံကို ---------- တွင် ကျင်းပခဲ့သည်။
ရေနံချောင်း
တို့ဗမာအစည်းအရုံး၏ တိုက်တွန်းချက်များကို ဖော်ပြပါ။
ဗမာဆိုင်များတည်ကြကုန်လော့၊ ဗမာဆိုင်၌ဝယ်ကြကုန်လော့။
တို့ဗမာအစည်းအရုံး၏ ဆောင်ပုဒ်ကို ဖော်ပြပါ။
လာမည့်ဘေး ပြေးတွေ့၊ ဒါတို့ပြည် ဒါတို့မြေ၊ သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ပါစေ။
နယ်ချဲ့ဆန့်ကျင်ရေးတွင် လှုပ်ရှားမှုပြုလုပ်ရာတွင် ပါဝင်ခဲ့သော အမျိုးသမီးများဦးဆောင်ခဲ့သည့် အသင်း၏ ဆောင်ရွက်ချက်များတွင် ဝတ်စားဆင်ယင်မှုအရ ထင်ရှားလာသော အထည်မှာ ---------- ဖြစ်သည်။
ပင်နီချော နှင့် ယောထဘီ
နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ရာတွင် မြန်မာအမျိုးသမီးများမှ စွမ်းစွမ်းတမံ ကြိုးစားခဲ့သော အသင်းအမည်မှာ ---------- ဖြစ်သည်။
ကုမ္မာရီအသင်း
တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်ရန်အတွက်‌ စုဝေးတိုင်ပင်ရာနေရာမှာ ---------- ဖြစ်သည်။
ဗဟန်း ရွှေကျင်ကျောင်းတိုက် ဦးအရိယာကျောင်း
ပထမကျောင်းသားသပိတ်တွင် ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို ---------- အုပ်ချုပ်ရေးယန္တရားဟုလည်း ခေါ်သည်။
ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရား
မြန်မာနိုင်ငံတွင် ပညာရေးဋ္ဌာနကို ---------- ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ (က) ၁၈၆၄ (ခ) ၁၈၆၅ (ဂ) ၁၈၆၆
(ဂ) ၁၈၆၆
ဂျီစီဘီအေခေတ်တွင် မြန်မာနိုင်ငံသို့ ဝေလမင်းသား လာရောက်လည်ပတ်ခဲ့သော ခုနှစ်မှာ ---------- ဖြစ်သည်။
၁၉၂၂ ဇန်နဝါရီ
ဝိုင်အမ်ဘီအေ အသင်းကြီး၏ သတင်းစာမှာ ---------- ဖြစ်သည်။
မြန်မာပြည် ဗုဒ္ဓဘာသာ သတင်းစာ
တတိယကျူးကျော်စစ်တွင် အင်္ဂလိပ်တို့သည် အိန္ဒိယမှ စစ်ကူအမြောက်အများခေါ်ယူ၍ စစ်ဋ္ဌာနချုပ်ဖွင့်ရာတွင် ---------- အား ဗိုလ်ချုပ်အဖြစ်ခန့်အပ်ခဲ့သည်။ (က) ဆာချားခရောစဝိတ် (ခ) ဆာဖရက်ဒရစ်ရောဘတ် (ဂ) ဆာဒေါ်မန်စမစ်
(ခ) ဆာဖရက်ဒရစ်ရောဘတ်
လက်နက်စွဲကိုင်တော်လှန်ခဲ့ကြရာ၌ ထင်ရှားသော နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်များတွင် ဝန်သိုနယ်မှ တော်လှန်ခဲ့သူမှာ ---------- ဖြစ်သည်။
ဝန်သိုစော်ဘွားကြီး ဦးအောင်မြတ်
ဗိုလ်ချုပ်ပရင်ဒါဂတ်နှင့် ကာနယ်စလေဒင်တို့သည် မြန်မာဘုရင် သီပေါမင်းနှင့် မိဖုရား စုဖုရားလတ်တို့ကို ဖမ်းဆီးရန်အတွက် မန္တလေးသို့ ---------- တွင် ရောက်သည်။
၁၈၈၅ နိုဝင်ဘာ ၂၈