Game Preview

Grade - 9 History

  •  Burmese    28     Public
    From 1885 to 1945
  •   Study   Slideshow
  • ဗိုလ်ချုပ်ပရင်ဒါဂတ်နှင့် ကာနယ်စလေဒင်တို့သည် မြန်မာဘုရင် သီပေါမင်းနှင့် မိဖုရား စုဖုရားလတ်တို့ကို ဖမ်းဆီးရန်အတွက် မန္တလေးသို့ ---------- တွင် ရောက်သည်။
    ၁၈၈၅ နိုဝင်ဘာ ၂၈
  •  15
  • လက်နက်စွဲကိုင်တော်လှန်ခဲ့ကြရာ၌ ထင်ရှားသော နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်များတွင် ဝန်သိုနယ်မှ တော်လှန်ခဲ့သူမှာ ---------- ဖြစ်သည်။
    ဝန်သိုစော်ဘွားကြီး ဦးအောင်မြတ်
  •  15
  • တတိယကျူးကျော်စစ်တွင် အင်္ဂလိပ်တို့သည် အိန္ဒိယမှ စစ်ကူအမြောက်အများခေါ်ယူ၍ စစ်ဋ္ဌာနချုပ်ဖွင့်ရာတွင် ---------- အား ဗိုလ်ချုပ်အဖြစ်ခန့်အပ်ခဲ့သည်။ (က) ဆာချားခရောစဝိတ် (ခ) ဆာဖရက်ဒရစ်ရောဘတ် (ဂ) ဆာဒေါ်မန်စမစ်
    (ခ) ဆာဖရက်ဒရစ်ရောဘတ်
  •  10
  • ဝိုင်အမ်ဘီအေ အသင်းကြီး၏ သတင်းစာမှာ ---------- ဖြစ်သည်။
    မြန်မာပြည် ဗုဒ္ဓဘာသာ သတင်းစာ
  •  15
  • ဂျီစီဘီအေခေတ်တွင် မြန်မာနိုင်ငံသို့ ဝေလမင်းသား လာရောက်လည်ပတ်ခဲ့သော ခုနှစ်မှာ ---------- ဖြစ်သည်။
    ၁၉၂၂ ဇန်နဝါရီ
  •  15
  • မြန်မာနိုင်ငံတွင် ပညာရေးဋ္ဌာနကို ---------- ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ (က) ၁၈၆၄ (ခ) ၁၈၆၅ (ဂ) ၁၈၆၆
    (ဂ) ၁၈၆၆
  •  10
  • ပထမကျောင်းသားသပိတ်တွင် ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို ---------- အုပ်ချုပ်ရေးယန္တရားဟုလည်း ခေါ်သည်။
    ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရား
  •  15
  • တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်ရန်အတွက်‌ စုဝေးတိုင်ပင်ရာနေရာမှာ ---------- ဖြစ်သည်။
    ဗဟန်း ရွှေကျင်ကျောင်းတိုက် ဦးအရိယာကျောင်း
  •  15
  • နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ရာတွင် မြန်မာအမျိုးသမီးများမှ စွမ်းစွမ်းတမံ ကြိုးစားခဲ့သော အသင်းအမည်မှာ ---------- ဖြစ်သည်။
    ကုမ္မာရီအသင်း
  •  15
  • နယ်ချဲ့ဆန့်ကျင်ရေးတွင် လှုပ်ရှားမှုပြုလုပ်ရာတွင် ပါဝင်ခဲ့သော အမျိုးသမီးများဦးဆောင်ခဲ့သည့် အသင်း၏ ဆောင်ရွက်ချက်များတွင် ဝတ်စားဆင်ယင်မှုအရ ထင်ရှားလာသော အထည်မှာ ---------- ဖြစ်သည်။
    ပင်နီချော နှင့် ယောထဘီ
  •  15
  • တို့ဗမာအစည်းအရုံး၏ ဆောင်ပုဒ်ကို ဖော်ပြပါ။
    လာမည့်ဘေး ပြေးတွေ့၊ ဒါတို့ပြည် ဒါတို့မြေ၊ သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ပါစေ။
  •  15
  • တို့ဗမာအစည်းအရုံး၏ တိုက်တွန်းချက်များကို ဖော်ပြပါ။
    ဗမာဆိုင်များတည်ကြကုန်လော့၊ ဗမာဆိုင်၌ဝယ်ကြကုန်လော့။
  •  15
  • တို့ဗမာအစည်းအရုံး၏ ပထမဆုံးအကြိမ်ပြည်လုံးကျွတ်ညီလာခံကို ---------- တွင် ကျင်းပခဲ့သည်။
    ရေနံချောင်း
  •  15
  • တောင်သူလယ်သမားအရေးတော်ပုံတွင် အင်္ဂလိပ်အရင်းရှင်များ လက်ဝါးကြီးချုပ်ကိုင်ထားသော ဆန်စပါးအသင်းမှာ ---------- ဖြစ်သည်။
    ဘူလင်ဂျာပူး (ခေါ်) ဆန်စပါးဈေးအသင်းကြီး
  •  15
  • မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲရေးတွဲရေးကိစ္စ တွင် ခွဲရေးနှင့်ပက်သက်၍ သင်သိသော အချက်များထဲမှ နှစ်ချက်ကို ဖြေဆိုပါ။
    ဆရာ့အပေါ်မူတည်သည်။
  •  10
  • မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲရေးတွဲရေးကိစ္စ တွင် တွဲရေးနှင့်ပက်သက်၍ သင်သိသော အချက်များထဲမှ နှစ်ချက်ကို ဖြေဆိုပါ။
    ဆရာ့အပေါ်မူတည်သည်။
  •  10